..:: ကြိုဆိုပါ၏ ::..

အချစ်ဆိုတာ ဒါပဲလား

Wednesday, February 25, 2009


ကံကြမ္မာအလှည့်အပြောင်း အတည့်အစောင်းကြားမှာ
ရိုးသားမှုရှေးရှုကာ ကြိုးစားရင်း ဘ၀သစ်တစ်ခုကို ရပ်တည်ခဲ့
ကံကောင်းထောင်းမ တောင်းတခြင်းကင်းမဲ့ ၊ မတွေးထင် တွေ့မြင်ခဲ့သူ့မျက်နှာ
ဘာကြောင့်တောင် ဒီလောက်များ ၊ မကြုံဘူး ငါ့ရင်အစုံ တစ်ဒိတ်ဒိတ်ခုန်လို့
ကိုယ့်ကိုကိုယ် စမ်းစစ် ၊ မှန်းရင်းကြည့်တော့
အော် ! အချစ်ဆိုတာ ဒါပဲလား
ရိုးသားစွာ ၀န်ခံ မကြုံဘူး ဒီအဖြစ် အချစ်ကို အရင်ကကြားဖူးတာ
ပူလောင်တယ်သူတို့ပြော ၊ တစ်ကယ်ကော ဟုတ်လို့လား
မယုံဘူးချစ်ခဲ့မိ ၊ သူမသိတစ်ယောက်တည်း ၊ တိတ်တိတ်ပဲ ချစ်ခဲ့တာ
ဒီလိုနဲ့နေခဲ့မိ သူ မသိရက်တွေကြာ ၊ မနေနိုင် ငါ့ ရင်အစိုင်မှာ
သူ့ရဲ့ထံ ဖုန်းဆက်ရန် ၊ တောင်းဆိုမှုတစ်ခု ငါ ပြုဖို့ ဆုံဖြတ်တာ
သူ့ထံသို့ဖုန်းဆက်ကာ ၊ တယ်လီဖုန်း Ring tone နဲ့ ရင်ခုန်နှုန်း တစ်ဒုန်းဒုန်း
ရောနှောကာဆူညံ ၊ သူ့ထံမှ အသံအား မျှော်လင့်ကာ စောင့်စားရင်း
ကြားခဲ့ရသူ့အသံ ' Hello ' ..... ငြိမ့်ငြောင်းတဲ့သူ့အသံ
ငါ့ရင်ထဲ ပြောင်းဆန် ၊ ပြောမိခဲ့ ငါ့စကား ဘာများလဲ ငါမသိ
သူ့ သိက္ခာငဲ့ကွက် ၊ သူနဲ့ငါ မိတ်ဆွေဖွဲ့ကာ ရင်ထဲက ချစ်စကား
သိမ်းဆည်းကာထားခဲ့...အချိန်တန် အိပ်မယ်ကြံတော့
ဘာကြောင်မို့ ဒီလောက်များ သူ့ကိုငါသတိရ......အိပ်လို့မရ တမ်းတကာ
ပို့ခဲ့ပြန် ' SMS ' နဲ့ ' How are you ? '
သူလက်ခံ အကြောင်းပြန်ခဲ့ ' I `m fine ! '
ပျော်လိုက်တာငါ့ရင်ထဲ ဘာဖြစ်မှန်း ငါမသိ ၊ ငါ့ ရင်အစုံ တစ်ဒုန်းဒုန်းခုန်ပြန်
သိလိုက်ရအခုမှ ....သြော်....သူတို့ပြောတဲ့ အချစ်ဆိုတာ ဒါပဲလား ....?
ဒီလိုနဲ့ ရက်တွေကြာ ၊ သူနဲ့ငါရင်းနှီး သိမ်းဆည်းထားစကားခွန်းအား
ရှင်းရှင်းကြီးပြောလိုက်မိ( မင်းကို အရမ်းချစ်တယ် ) ...ဒီစကားသူကြား
ဒီလိုနဲ့ အကြောင်းပြန် သူထံမှ ' Sms ' ငါဖတ်ရင်း တွေးတောကာ သူ့မျက်နှာ
ဖြစ်ပေါ်ခဲ့ ငါ့ရင်ထဲ ၊ပူလောင်ခြင်း ဒီ အသိ ၊ ရင်ညွန့် ထိရောက်သွား....
သြော်....သူတို့ပြောတဲ့ အချစ်ဆိုတာ ဒါပဲလား......
ငါကိုယ်တိုင် တတ်မက် ဒီခံစားချက်အား ရင်ထဲမှာပွေ့ဖက်ရင်း.....
သူပြောတဲ့ အချစ်ဆိုတာ ၊ ငါရင်မှာတစ်ကယ်ဖြစ် ဒီအချစ်ဒီအဖြစ်ကို
ချွင်းချက်မရှိအောင် သူ့ ကိုလေ ဂရုစိုက် ရူးမိုက်စွာချစ်ခဲ့မိ....
ရင်ထဲက ဒိအချစ်ဒီအဖြစ်အား သူတစ်ယောက်သိရအောင် ဖွင့်ဟကာ ရေးချလိုက်ပါ၏.......!
" ရိုးသားမှု ရှေ့တန်းတင်
ဖြုစင်သည့် ငါ့နှလုံးသား
သူ့ အတွက် ပေးဆပ်ကာ
ရေးစပ်သည့် ဤစာသား
သူတစ်ယောက်သိပါစေသား ! "
ရိုးသားခြင်းရှေးရှု့ကာဖေးကူရန် ကမ်းလှမ်း
ဖြုစင်ခြင်း ချစ်ခြင်းတရား သူ့ထံမှာ လျှောက်ထားကာ
စောင့်စားကာမျှော်နေတာ သူတစ်ယောက်သိပါစေလိုသား
အရာရာဆုံးဖြတ် ကိုယ့်အတွက်ကိုယ်မကြည့် သူအတွက်ဦးစားပေး
ရှေ့ရေးအတွက်စဉ်းစားတာ သူတစ်ယောက် သိပါစေလိုသား
သူ့ဆီမှ ပြန်ရရန် ဘာကိုမှ မမျှော်ကိုး ရင်ခုန်သံထပ်ထထပ်တိုးပြီး
ရင်ခြင်းရပ်တန့် ငါ၏ နောက်ဆုံးထွက်သက်ထိ ချစ်နေမှာသူ့ကိုပဲ....
သူတစ်ယောက်သိပါစေလိုသား........
တစ်ယောက်သောသူ သိစေဖို့...

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger