..:: ကြိုဆိုပါ၏ ::..

အမေ

Wednesday, February 25, 2009

သားကို သတိရခွင့်ပြုပါ အမေ
လူတကာရဲ့ အလယ် ခေါင်းမော့ကာ ရင်ကိုကော့လို့
လိုအင်တွေ မရှိရလေအောင်
သား၏ဘ၀ သား၏ခန္ဓာ သား၏သွေးသားတွေနဲ့
အမေ့ကို ထာဝရ ကျေးဇူးဆပ်ခွင့်ပြုပါ အမေ.....
ဒီအရွယ် လူတွေရဲ့ အလယ် သားမျက်နှာမငယ်အောင်
ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေ့ရဲ့ ဂရုဏာအရိပ်ကို
သားထာဝရ သတိရနေပါတယ် အမေ....
လိုချင်တာကိုတွေ့လိုက်တဲ့အခါ ပထမဦးဆုံး
မြင်လိုက်မိတာ အမေ့မျက်နှာပါ.....
ငယ်ရွယ်စဉ်က လိုချင်တာကိုပူစာတဲ့အခါ
အမေ့ ခမျာ မရှိရှိတာ ရှာကြံကာဝယ်
သား၏ဆန္ဒ သား ပျော်ရအောင် ဖြည့်ဆည်းပေးတာ
ကျွန်တော့် မေမေပါ.......
အရွယ်ရောက်လို့ လူလားမြောက်ကာ အမေ့ရိပ်မှ သားထွက်ခွါ
ရှာဖွေတက်လာ ၀င်ငွေများစွာ
လက်ဝယ်ကိုင်သုံး ဆန္ဒမျိုးစုံ
ပြည့်စုံပြည့်ဝ ပျော်ရွှင်လို့သာ
တစ်နေ့သောအခါ အမေ့ ခမျာ
ရေးကြီးသုတ်ပျာကိစ္စတစ်ခု
ဖြေရှင်းမတတ် သားကြီးထံ
ဖုန်းဆက်ခေါ်ကာ ပြောပြသောအခါ
အကြောင်းအမျိုးမျိုးပြ အမေ့ဆန္ဒအား
အမေ့ ခမျာစိုးရိမ်စိတ်ဝင်ကာ
သားလေးအား မငြိုငြင်ရှာပြောခဲ့တာ
အမေ့မှာ တိုင်ပင်စရာ သားပဲရှိတာ.....

အမေပေးတဲ့ အားမာန် အမေပြောတဲ့စကား
သားနားထဲ ကြားယောင်မြဲ
ဒီနေ့ထိကြိုးစား ရိုးသားစွာ ရပ်တည်ရင်း
အမေရယ်...
အမေ့ဆန္ဒ အမေ့ရဲ့ကျေးဇူးအား သားပေးဆပ်ခွင့်ပြုပါ။
အဝေးတစ်နေရာမှ အမေ့ရဲ့နွေးထွေးတဲ့ ရင်ခွင်ကို

တမ်းတမျှော်လင့်နေတ
ဲ့
အမေချစ်တဲ့သားကြီး

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger