စရိုက်စုံ ရင်ငွေ့ခြုံ
ခိုလုံလို့ ကြီးပြင်း အသိုက်အတွင်းကလူတွေ
မိုက်တွင်းနက်နေကြပုံက
အမှိုက်ပစ်သူပြစ်
အမှိုက်ချစ်သူချစ်
အသိုက်ပြစ်သူပြစ် ဝေးလွင့်နှစ်ကြာ
ဘယ်သူဟာ အသိုက်ကိုချစ်တာလဲ။
တစ်ခုမိုက် တစ်သိုက်လုံး သိမ်းကြုံးဆွဲညှစ်
ရက်...လ...နှစ် ပြစ်ပြစ်နှစ်နှစ်
ခါးသက်ရင့်သီး ကြီးပြင်းပြီင်္းပြီ
ရမ်းရောင် ခေါင်းထောင်ကြည့်ခွင့်
သင်ခဲ့ရဘူးလား ( သင်ရခဲ့ဘူးလား )
အမှားအယွင်းရှိနေပါသည်
ဥခွံဟာ ကျဉ်းမြောင်း
ခေါင်းတောက်အောင် ရုန်းကန်
ကိုယ့် ဥခွံ ကိုယ်ပြန်ကြည့် ဘာမှ မရှိ ခဲ့ဘူးဘူး
ဒါဏ်ရာ ဗရပွ ရုန်းမထနိုင်
မှိုင်းတိုက်ခံရေတာ ငါတို့
အသိုက်အမြုံဟာ ဘယ်မှာလုံခြုံးသေးလဲ
မိုက်မဲပြီး အမှိုက်ထဲမှာ
ရုန်းထွက်သင့် ကြာပေါ့
အနေဝေးတဲ့ တို့သွေးတွေရော
သူများ နှာခေါင်းဝနဲ့ အသက်ရှုမ၀သေးတာလား
ေ၀၀ါးမိုက်မဲ လေထဲမှာနေ
လေထဲမှာပဲ အသေခံကြမလား
အတွေးများလွန်းလို့
ငါတို့အသိုက်အမြုံအမှိုက်ပုံ လုံးလုံးဖြစ်
နွမ်းညစ်ဆုတ်ပြတ် အဆုံးဖြတ် ပေးကြပါ၊၊
Wednesday, February 25, 2009
Labels:
ကဗျာ
at 5:55 AM
0 comments:
Post a Comment